လ - မတ် 2022

ဖော်ရွေသောစကား

အထက်တန်းကျောင်းတက်စဥ်က ကက်သရင်းနှင့် ကျွန်မမှာ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်သည်။ ကျွန်မတို့နှစ်ဉီး ဖုန်းဖြင့် မဆက်သွယ်ဖြစ်လျှင် အတန်းထဲတွင် စာတိုလေးများ အပြန်အလှန်ပေးရင်း နောက်တစ်ခါ စုပြီး အိပ်ကြမည့်အစီအစဥ် ဆွဲနေတတ်သည်။ တစ်ခါတစ်ရံ မြင်းအတူတူစီးကြပြီး တစ်ခါတစ်လေ ကျောင်းအစီအစဥ်များအတွက် အတူတကွ ပူးတွဲလုပ်ဆောင်လေ့ရှိသည်။

တနင်္ဂနွေနေ့လည်ခင်းတစ်ခုတွင် ကက်သရင်းအကြောင်း စဥ်းစားမိသည်။ ထိုမနက်က ထာဝရအသက်ကို မည်သို့ရနိုင်မည့်အကြောင်းကို တရားဟောဆရာက ဟောကြားခဲ့သည်။ ကျွန်မ သူငယ်ချင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက်များကို ကျွန်မယုံသကဲ့သို့ မယုံကြည်ပါ။ သူ့ကိုဖုန်းခေါ်ပြီး သခင်ယေရှုနှင့် ထိတွေ့ပေးရန် ကျွန်မ၌ တာဝန်ရှိကြောင်းခံစားရသည်။ သို့သော် ကျွန်မ ပြောပြမည့်အရာကို သူငြင်းပယ်ပြီး သူနှင့်ကျွန်မ အခင်အမင်ပျက်သွားမှာကို စိုးရိမ်မိ၍ တွန့်ဆုတ်ခဲ့သည်။

ဤကြောက်စိတ်က ကျွန်မတို့အတော်များများကို နှုတ်ပိတ်နေစေခဲ့သည်ဟု ကျွန်မထင်ပါသည်။ တမန်တော်ရှင်ပေါလုပင် “ဧဝံဂလိတရား(ကို) ... ဖော်ပြခြင်းငှာ ... နှုတ်ကိုရဲရင့်စွာဖွင့်လှစ်”မည့်အကြောင်း သူ့အတွက်ဆုတောင်းရန် တောင်းဆိုခဲ့သည် (ဧ…